မရမ်းကုန်းမြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကျင်းပ
Dec 18,2021
ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာ စွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။