ရမည်းသင်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချူပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ၁/၂၀၂၆ သင်တန်းပို့ချ

ရမည်းသင်း  ဇူလိုင်   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့နံနက်၉နာရီက ဆက်လက်သင် ကြားပို့ချလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြန်ကြားရေး၏ သဘောသဘာဝများ နှင့် ပြည်သူ့ဆက်ဆံရေး၏ သဘောသဘာဝများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင်စာကြည့်တိုက်နှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပေါင်းစပ်ညှိနှိုင်းရန်လိုအပ်ပါကြောင်း ပြည့်စုံစွာရှင်းလင်းပြောကြားသည်။

အဆိုပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချူပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ဇူလိုင် ၁ရက်မှ ၂၈ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းပြည့်ဇော်( ခရိုင်ပြန်/ဆက်)