ညောင်ဦးမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များနှင့် စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့် အခြင်အတွယ်မှန်ကန်စွာရောင်းချခြင်းရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ညောင်ဦးမြို့နယ်အတွင်းရောင်ချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များနှင့် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ အခြင်အတွယ်မှန်ကန်စွာရောင်းချခြင်း ရှိ၊ မရှိ ယနေ့ နံနက် ၁၁ နာရီခွဲက ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးသည်။

မြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များ၊စက်သုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ၊မရှိနှင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးခြင်းတို့ကို စားသုံးသူဝယ်ယူသုံးစွဲသူများအား စားအုန်းဆီဝယ်ယူရာတွင် အခက်အခဲရှိမ၊မရှိတို့အား ဝယ်ယူသုံးစွဲသူများအား ပူးပေါင်းအဖွဲ့က တိုက်ရိုက်မေးမြန်း ခြင်း၊စက်သုံးဆီအရောင်းဆိုင်များ ဆီသိုလှောင်ထားရှိသည့် ကန်များတိုင်းတာစစ်ဆေးခြင်း၊ စက်သုံးဆီအရည်အသွေးစစ်ဆေးခြင်း၊ အခြင်အတွယ်စစ်ဆေးခြင်း၊ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိပါက သတ်မှတ်ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဒီပါလင်း