နမ္မတူတွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းသင်တန်းဖွင့်လှစ် ပို့ချဆောင်ရွက်
Dec 31,2021
နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှနှစ်အလိုက် တိရစ္ဆာန်ကောင်ရေ တိုးပွား/ လျော့နည်း ခန့်မှန်းနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံချက်များဆောင်ရွက်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်မှုအတည်ပြုနိုင်ရန်၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေတိုးပွားမှုစံနှုန်းများအား ပြင်ဆင်တွက်ချက်ရန်၊ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ကောင်ရေ စုစုပေါင်းအား အနီးစပ်ဆုံး အတည်ပြုနိုင်ရန်ရည်ရွယ်၍ ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းသင်တန်းကို ဒီဇင်ဘာလ (၃၀)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်သည်။