တောင်ကြီး ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝးကို ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန် ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလ တွင် တာဝန်ယူဆောင်ရွက်ရသော အစိုးရဖြစ်သည့်အတွက် ထိုကာလအတွင်း ဖြစ်ပေါ်ခဲ့သော မှုခင်းများကိုပြီး ပြတ်အောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရုံများတွင် စစ်ဆေးဆဲဖြစ်သည့် ပြစ်မှုဆိုင်ရာ မှုခင်းများကို တရားမျှတမှုရှိစွာဖြင့် မှန်မှန်နှင့် မြန်မြန်ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာအချင်းချင်း မိမိတို့၏ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်နိုင်ရေးနှင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင် အခက်အခဲသို့မဟုတ် အားနည်းချက်တစ်စုံတစ်ရာရှိပါက ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှုခင်းများ၊မှန်ကန်မြန်ဆန်စွာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့ တွင် တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်၊၂/၂၀၂၁ဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ရှမ်းပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့အနေဖြင့် တရားရုံးများ ရုံးချိန်းအတွင်း အပြည့်အဝရုံးထိုင်နိုင်ရေး၊ တရားစွဲတင်ရာတွင် သက်သေခံ အထောက်အထားများ၊ သက်သေခံပစ္စည်းများ ပြည့်စုံစွာတင်ပြစေရေး၊ သက်သေများ၊ ရုံးချိန်းရက်တွင် မပျက်မကွက်လာရောက် သက်သေခံနိုင်ရေး၊ ထုတ်ဆင့်ထားသည့် ဝရမ်းများကို စနစ်တကျအတည်ပြုပြီး သတ်မှတ်ရက်တွင် တရားရုံးသို့ တင်ပို့နိုင်ရေးနှင့် အချုပ်တရားခံများ အချိန်မီရုံးရှေ့တင်ပို့နိုင်ရေးတို့ကို ပေါင်းစပ် ညှိနှိုင်းကြီးကြပ် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တရားစီရင်ရေးကို ဝင်ရောက် စွက်ဖက် သည့်သဘောသက်ရောက်သော ဆောင်ရွက်မှုမျိုးများ မရှိစေရေး သတိပြုဆောင်ရွက်ပြီး တရားရုံး၏ စစ်ဆေး စီရင်ခြင်းကို မထိခိုက်စေဘဲ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ် လာပါကပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အချင်းချင်း မိမိတို့ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းပြီး မှန်ကန်၊ မြန်ဆန်အောင်ဆောင်ရွက်ပေး သွားရမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ တရားရုံးများတွင် စစ်ဆေးဆဲဖြစ် သည့်ပြစ်မှုဆိုင်ရာမှုခင်းများကို တရားမျှတမှုရှိစွာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလကုန်အပြီး မှန်မှန်နှင့် မြန်မြန်အမှု လက်ကျန်မရှိ ပြီးပြတ်နိုင်ရေးအတွက် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များ အားလုံးအလေးထား လိုက်နာကြိုးပမ်း ဆောင်ရွက်သွားကြရန်မှာ ကြားလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံးပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှဆွေးနွေးတင်ပြပြီး အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်က ရှမ်းပြည်နယ်တရားစီရင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ကြန့်ကြာမှု မရှိစေရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ဆွေးနွေး ပြောကြား ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးရဲမှူးချုပ် တင်ကိုကို၊ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့မှ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်း ဆောင် ဦးနေလင်း က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)