လယ်ဝေး ဒီဇင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့အကြောင်း သိရှိစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လယ်ဝေးမြို့၊ အ.လ.က ခွဲ(မြို့မ)နှင့် ဗဟိုမူလွန် ကျောင်းတို့၌ ဖြန့်ဝေခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် ရုံးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများထံ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ လက် ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားနေ့ ဦးတည်ချက်(၄)ရပ်၊ အမျိုးသားညီညွတ် ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ တို့များ ဆင်မြန်းလွတ်လပ်ရေးပန်းကဗျာ၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ ကာတွန်းများ၊ ဆောင်ပုဒ် များ စသည့်အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)