ရုပ်ရှင်လောကသားများအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲကျင်းပ
Dec 31,2021
ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦး မိသားစုတို့က လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အလွှာ(၁၀)လွှာ ဖြစ်သော အုပ်ချုပ်/ဖြန့်ချီအလွှာ၊ ဗီဒီယိုအခြေခံအလွှာ၊ ဇာတ်လမ်းဇာတ်ညွှန်းအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာ၊ ဒါရိုက်တာ အလွှာ၊ ထုတ်လုပ်သူများအလွှာ၊ ဇာတ်ပို့ဇာတ်ရန်အလွှာနှင့် စက်မှုအလွှာတို့မှ အစည်းအရုံး ဝင်များကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ပေးအပ်လှူဒါန်းကြသည်။