နမ္မတူ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ သွားရေးလာရေး အဆင်ပြေစေရေး အတွက် နှစ်စဉ်ရပ်ကွက်အတွင်းရှိလမ်းများကို အဆင့်မြင့်တင်ဆောင်ရွက် လျက်ရှိရာ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၉)ရှိ ရေကန်တောင်လမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ပြီဖြစ်သည်။
အဆိုပါ ရေကန်တောင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွက် ရှမ်းပြည်နယ်အစိုးရခွင့်ပြု ရန်ပုံငွေကျပ် ၇.၈၂သန်းဖြင့် လမ်းအရှည် (၃၃၅) ပေ၊ အကျယ် (၁၂)၊ ထု (၆)လက်မရှိပြီး မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒီဇင်ဘာလ (၁၈)ရက်နေ့ တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
ထိုသို့ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ယခုအခါ ပန်ဟိုက်ရပ်ကွက် (၃)ရှိ အရှည် (၅၃၅)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိ ခွာညိုလမ်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်အချိန်အတွင်း ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင် သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)