သံဖြူဇရပ်မြို့၌ ငါးသယံဇာတတိုးပွားစေရေး ကြာကန်သဘာဝရေပြင် ရေကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေး

သံဖြူဇရပ် ဇန်နဝါရီ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသည် မြို့နယ်အတွင်း ငါးသယံဇာတ တိုးပွားရေး၊ ငါးရိက္ခာဖူလုံရေး၊ ပြည်သူများငါးစားသုံးမှု မြင့်တတ်လာစေရေး၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူတို့၏ လူမှုစီးပွားဘဝ အလုပ်အကိုင်အခွင့်လမ်းများ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် နာရီက သံဖြူဇရပ်မြို့နယ်၊ ကြာကန်ရပ်ကွက်ရှိ ကြာကန် သဘာဝရေပြင် ရေကန်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ပေးကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုး စိုက်ထည့်ရေး ကြီးကြပ်ကွက်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ငါးမျိုးများစိုက်ထည့်ပေးရာတွင် ငါးလုပ်ငန်းစခန်း(သထုံ)မှ ထုတ်လုပ်သော ()လက်မ အရွယ်အစားရှိ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၈၀၀၀၀)၊ ငါးခုံမကြီး ငါးသားပေါက် ကောင်ရေ(၂၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၁၀၀၀၀၀)အား ကြာကန် သဘာဝရေပြင် ရေကန်အတွင်းသို့ ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်း သိရသည်။

အေးအေးမွန် (ပြန်/ဆက်)