ကျောက်ဖြူ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင့် ယာယီပိတ်ထားခဲ့သည့် အစိုးရ စက်မှုလက်မှု သိပ္ပံ(ကျောက်ဖြူ) AGTI ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား

ကျောက်ဖြူ   ဇန်နဝါရီ 

မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေများကြောင့် ယာယီပိတ်ထား ခဲ့သည့် အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဖြူ) AGTI ကျောင်းအား ယနေ့ နံနက်ပိုင်းမှ စတင်ကာ  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားလျက် ရှိသည်။

အဆိုပါ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအောက်ရှိ အစိုးရစက်မှု လက်မှု သိပ္ပံ(ကျောက်ဖြူ)ကျောင်းတွင် AGTI ပထမနှစ်သင်တန်းအား တက်ရောက်သင်ယူနေ သည့် ကျောင်းသား၊ ကျောင်းသူ ၁၄၅ ဦးနှင့် ဒုတိယနှစ်သင်တန်းအား တက်ရောက်သင်ယူနေ သည့် ကျောင်းသား၊ ကျောင်းသူ ၁၂၄ ဦးရှိပြီး ဆရာ၊ ဆရာမ ၄၈ ဦးတို့မှ သင်ကြား ပို့ချပေးလျက် ရှိသည်။

ယင်းနောက် သင်ကြားမှုအပိုင်းတွင် အဓိကမေဂျာဘာသာရပ်များအနေဖြင့် Civil (မြို့ပြ အင်ဂျင်နီယာ) EP (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) IT(သုတနည်းပညာ) စသည့်ဘာသာရပ် များကို ပြသပေးလျက်ရှိကြောင်း ၎င်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်မွန်က ပြောကြားသည်။

ထိုသို့ ကျောင်းဖွင့်လှစ်မှုနဲ့ပတ်သက်၍ စစ်တွေမြို့မှ လာရောက်ကာ AGTI Civil ပထမနှစ် သင်တန်းအား တက်ရောက်သင်ယူနေသည့် မထက်ထက်မြတ်ကသမီးတို့က ကျောင်းပိတ် ထားတာ နှစ်နီးပါးရှိပါပြီ၊ အိမ်မှာနေရင်းအသက်တွေကြီးလာတယ်၊ တစ်ချို့ သူငယ်ချင်းဆို အလုပ်တွေရပြီး ဝန်ထမ်းတွေဖြစ်နေကြပြီ၊ ခုလိုကျောင်းပြန်ဖွင့်ပြီဆိုတော့ အရမ်းဝမ်းသာမိပါတယ်၊ သူငယ်ချင်းတွေနဲ့တွေ့ရလို့လည်း အရမ်းပျော်ပါတယ်၊ ကျောင်းပြန်လည် ဖွင့်လှစ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း သမီးအနေနဲ့ အထူး ကျေးဇူးတင်ပါတယ်၊ ဒီကျောင်းကပို့ချပေးခဲ့တဲ့ ပညာတွေနဲ့ နိုင်ငံတော်ကိုအကျိုးပြုတဲ့ ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသင် ယူသွားပါမယ်ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းကို ယခင်က သန်ပန်ချောင်း ရပ်ကွက်တွင် ယာယီဖွင့်လှစ် ထားခဲ့သော်လည်း ယခုအခါ စေတီယျရပ်ကွက်ရှိ ကျောင်းဆောင်သစ် ကြီးတွင် ပြောင်းရွှေ့ဖွင့်လှစ် ထားရှိပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများမှလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာဖြင့်  တက်ရောက် သင်ယူလျက် ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း