ပွင့်ဖြူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၆ ရက် နံနက်၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းအနေဖြင့်၂၀၂၁-ခုနှစ်၊ ဒီဇင်ဘာလတွင် ကာကွယ်ဆေး ထိုးနှံပြီးသူ ဆေးထိုးဦးရေ(၅၀.၀၇) ပြီးစီးသွားပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ မျိူးကွဲသစ် အိုမီခရွန် ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် MaskCampagian လုပ်ငန်းများဆောင် ရွက်ခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကိုဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ကအလေးထားစစ်ဆေးပေးစေလိုကြောင်း၊ အသိပညာပေးနှိုးဆော်ခြင်း၊ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့်တင်ပြီး အားထည့်၍ဆောင်ရွက် သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာစိုးစိုးနိုင်က ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ပြည်သူများကို Covidshield ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့်ပြည်သူများ၊ ကျောင်းသားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကာကွယ် ဆေးထိုးပေးနှံရေးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများနှင့် ကျေးရွာများအရောက် ကွင်းဆင်းပြီးဆေးထိုးပေးမည့် လုပ်ငန်း အစီအစဉ်များ၊ ဆေးထိုးပြီး၊ မပြီးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာကော်မတီ ဥက္ကဋ္ဌကလိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ခင်ဝါဝါလှိုင်