ဟုမ္မလင်း ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ကို ယနေ့နံနက် ၁၁ နာရီအချိန် က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွား(၃၄)ဦးအား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ(၃)လအတွက် လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူအောင်၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပန်းစုကြည်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွား(၃၄)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၈၅)ဦးရှိပြီး တစ်ဦးလျှင် (၃၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၁၅၅၀၀ဝိ/-)ကို သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပြီး အဆိုပါ လူမူရေးပင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများမှတစ်ဆင့် အိမ်တိုင်ရာအရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧဆက်(ဟုမ္မလင်း)