ရေတာရှည် ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ရေတာရှည်မြို့ တောင်သူ လယ်သမားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းက စိုက်ပျိုးရေးကို လုပ်ကိုင်ဆောင်ရွက်ကြရာတွင် လက်မှုလယ်ယာမှ စက်မူလယ်ယာခေတ်သို့ ပြောင်းလဲ ဆောင်ရွက်ခဲ့ကြပြီး စိုက်ပျိုးရေးနည်းစနစ်များကိုလည်း ခေတ်နှင့်အညီ ပြောင်းလဲစိုက်ပျိုး လုပ်ကိုင်ကြရမှာ ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခါဖူလုံရေး ရည်မှန်းချက်နှင့်အညီ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များသုံး၍ အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရေး၊ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတကာမှာ လိုက်နာကျင့်သုံး ဆောင်ရွက်လျှက်ရှိသော ခေတ်မီနည်းစနစ်များကို မြန်မာ့ ရေ၊ မြေ တော၊ တောင် သဘာဝနှင့်အညီ ပြုပြင် ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် မြန်မာစိုက်ပျိုးရေး ပညာရှင်များကလည်း သုတေသန အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသော နည်းစနစ်များကို ယခုကဲ့သို့ ပညာပေး သင်တန်းများဖွင့်လှစ်၍ တောင်သူဦးကြီးများထံ ပြန်လည်မျှဝေပေးလျှက်ရှိကြောင်းနှင့် သင်တန်းမှ ဖြန့်ဝေပေးလိုက်သည့် အသိပညာ အတက်ပညာများအား လက်တွေ့ နယ်ပယ်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချပြီး နီးစပ်ရာ တောင်သူများအား တစ်ဆင့် ပြန်လည်မျှဝေပေးရန် ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်သန်းမြင့်က သင်တန်းအထောက်အကူပြု ပစ္စည်းများပေးအပ်သည်။
အဆိုပါသင်တန်းတွင် မြေအသုံးချဘာသာရပ်၊ သီးနှံကာကွယ်ရေးနှင့်မျိုးစေ့ထုတ်လုပ်မှု နည်းပညာများအား သင်ကြားပို့ချပေးမည်ဖြစ်ပြီး တောင်ငူခရိုင် အတွင်းရှိ အကျိုးပြုတောင်သူ(၃၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)