စစ်တွေ ဇန်နဝါရီ ၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က မသန်စွမ်းသူများအခွင့်အရး ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည် က မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မသန်စွမ်းသူများ အခွင့်အရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မိမိတို့ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးအနေဖြင့် မသန်စွမ်းသူများ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ကြေး တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူစုစုပေါင်း (၁၂၇၆၅)ဦးအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ကာလအတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို တစ်ဦးလျှင် (၂၀၀၀၀ဝိ/-) နှုန်းဖြင့် (၇၃)ဦး ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇူလိုင်ကြယ်