မြို့သစ်မြို့နယ်တွင် ဇာထိုးပန်းထိုး အခြေခံလက်မှုပညာ သင်တန်းဖွင့်လှစ်
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အခြေခံအိမ်တွင်းမှု အတတ်ပညာများ လေ့လာသင်ယူနိုင်ရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဇာထိုးပန်းထိုး အခြေခံ လက်မှုပညာ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။