ပွင့်ဖြူ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပွင့်ဖြူမြို့ပေါ် အနောက်ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး HandSpeaker ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း နေသော်လည်း၊ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု သည်ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ မြန်မာနိုင်ငံ တွင်လည်း အိုမီခရွန် ရောဂါပိုးတွေ့ရှိသူများ ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းလမ်း ညွှန်ချက်များနှင့် အညီတိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အလုံပိတ် အခန်းများနှင့် လေဝင်လေထွက် မကောင်းသော အခန်းများသို့သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကိုလည်း ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် အကြိမ်ရေပြည့်အောင် မပျက်မကွက်ထိုးနှံပေးကြပါရန် စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည် အသိပေးနှိုးဆော် ခဲ့ကြကြောင်းသိရသည်။
ခင်ဝါဝါလှိုင်( ပြန်/ဆက် )