တောင်ကုတ် ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ မှန်ကန်စေရေးအတွက် ယနေ့နံနက် ကစည်ပင်လမ်းဆုံမီးပွိုင့်၌ ယာဉ်ရပ်နား မျဉ်းများအား ရေးဆွဲခဲ့သည်။
အဆိုပါ ယာဉ်ရပ်နားမျဉ်းများကို မြို့နယ်စည်ပင်သာယာအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ ယာဉ်ရပ်နားမျဉ်းကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။
ယာဉ်ရပ်နားမျဉ်းရေးဆွဲရခြင်းနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာအမှု ဆောင်အရာရှိ ဦးမောင်စိန်အား မေးမြန်းခဲ့ရာ ‘‘မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိက စည်ပင်လမ်းဆုံ မီးပွိုင့်ဟာ တောင်ကုတ်မြို့ရဲ့လူ အသွားအလာအများဆုံး ယာဉ်အထူထပ်ဆုံးနှင့် ယာဉ်များ စည်းကမ်းမဲ့ ရပ်နားမှုများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်တဲ့နေရာဖြစ်၍ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွား လာနိုင်ရန် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ မှန်ကန်စေရေးအတွက် ယာဉ်ရပ်နားမျဉ်းများ ပြုလုပ်ခဲ့ကြောင်း’’ ပြောကြားချက်အရ သိရသည်။
စန်းဝင်း (မြို့နယ်ပြန်/ဆက်)