ဘောဂလိ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်နှင့် ဘောဂလိမြို့ မြို့မရဲစခန်းမှ ဦးအောင်ကိုကိုတို့မှ ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ၊ ကလေး အလုပ်သမားပပျောက်ရေးက ဘာကြောင့်အရေးကြီးတာဘာလဲ၊ ဘာကြောင့်ကလေးအလုပ်သမားတွေ ရှိနေရတာလဲ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေများအကြောင်း၊ ကလေးအလုပ်သမားတွေကို အလုပ်ခိုင်းစေတဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ၊ အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံရတဲ့ကလေးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ် သမားတွေ လျော့ချဖို့ဆောင်ရွက်သင့်တဲ့ နည်းလမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ဘောဂလိ (ပြန်/ဆက်)