မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များအသင်း (Youth Club) နှင့် စာဖတ်ဝိုင်းကျင်းပ

မြောင်းမြ    ဇန်နဝါရီ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပြည့်စုံ စေရန်၊အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုရရှိစေရန်နှင့် အတွေးအမြင်များ တိုးတက်မြင်မား စေရန် ရည်ရွယ်၍လူငယ်များအသင်း Youth Club ဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့နေလယ် (၂)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး အရာရှိဒေါ်စန္ဒာကြည်က ဦးဆောင်၍ စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စာဖတ်ဝိုင်းတွင် ဒေါ်စန္ဒာကြည်က လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်၊ လူငယ်နဲ့ခုခံအား ခေါင်းစဉ်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးနန္ဒရဲလွင်က လူငယ်နဲ့ပျော်ရွှင်မှု၊ မဖူးပွင့်ခိုင်က လူငယ်နဲ့ ရှက်စိတ်၊ မောင်ဇင်လင်းထွဋ်က လူငယ်နဲ့လိုအပ်ချက်၊ မအိနန္ဒာလင်းက လူငယ်နဲ့တန်ဖိုး စသည့် ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ကြောင်းနှင့်အဆိုပါစာအုပ်တွင် လူငယ်များ စိတ်ဓာတ်ခွန်အားမြင့်မားစေမည့် ဆောင်းပါးပေါင်း (၂၉)ပုဒ် ပါဝင်ကြောင်းသိရပါသည်။

စန္ဒာကြည်