ကဝ ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးတွင် သဘာဝဘေးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ပြသဆောင်ရွက်ရာတွင် ခြောက်သွေ့သော ရာသီကို ရောက်ရှိနေပြီဖြစ်သဖြင့် လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင် နေစဉ် တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန် အချက်များ၊ မီးလောင်မှုဖြစ်သွားသည့် ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ အသိပညာ ပေးခြင်းနှင့် ရေဘေးအန္တရာယ်၊ မုန်တိုင်းအန္တရာယ် စသည့် အသိပညာပေး အကြောင်းအရာ များ ပါဝင်ပြီး ဒေသခံပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)