မြို့သစ် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အခြေခံအိမ်တွင်းမှု အတတ်ပညာများ လေ့လာသင်ယူနိုင်ရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဇာထိုးပန်းထိုး အခြေခံ လက်မှုပညာ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာထိုးပန်းထိုး အခြေခံလက်မှုပညာ သင်တန်းတွင် Youth Club အဖွဲ့ဝင် ဒေါ်ယမင်းခင်မှ ချည်ဖြင့် ဆံညှပ်ဆံအုပ်ပြုလုပ်နည်း၊ ပိုက်ဆံအိတ်ပြုလုပ်နည်း၊ ခေါင်းစည်းကွင်း ပြုလုပ်နည်း၊ ဆွယ်တာ၊ မာဖလာ၊ ဦးထုပ်ပြုလုပ်နည်း စသည့် လက်မှုပညာများကို သင်တန်းတက်ရောက်သူများအား အခြေခံသင်ကြားပေးခြင်းဖြစ်ကာ သင်တန်းကို တစ်လကြာသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
ဝင်းအိဇွန်( ပြန်/ဆက်)