မဟာအောင်မြေ ဇန်နဝါရီ ၁၈
မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်ရုံး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင်ယနေ့ နံနက်၁၁နာရီချိန်တွင်Youth Clubနှင့်ပူးပေါင်းကာ ပန်းပေါင်းစုံ ဖြင့်ပန်းအလှပြင်သင်တန်း(အခမဲ့)ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဆီက တက်ရောက်လာသော သင်တန်းသားများအား အိမ်တွင်းမှုပညာဖြင့် ဝင်ငွေရှာရာတွင် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရေးနှင့် မိမိတို့ပတ်ဝန်းကျင်တွင် အရင်းအနှီးသက်သာစွာဖြင့် စီးပွားရှာအလှ ဆင်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမ မချောစုက မိမိအိမ်တွင်လည်းကောင်း၊ မိမိရုံးတွင်လည်းကောင်း မင်္ဂလာအခမ်းအနားများတွင်လည်းကောင်း မိမိတို့တက်ထားသည့် လက်မှုပညာများဖြင့်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားကာ ပန်းပေါင်းစုံ ပန်းအလှဆင်သင်တန်းကို လက် တွေ့ပြသ သင်ကြားပေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသူများကလည်း လက်တွေ့ပြန်လည်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား( ၁၀ )ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ဦးအောင်ဇော်မင်း