ပခုက္ကူ ဇန်နဝါရီ ၁၈
ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က ခရိုင်အဆင့်ဌာနဆိုင်ရာများ အနေဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် ကွင်းဆင်းဆောင်ရွက်ရန်ပြောသည်။
ထို့နောက်ခရိုင်စီမံအုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုအပ်ချက်များ တင်ပြဆွေးနွေးရာ ခရိုင်ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇော်(ပြန်/ဆက်)