ပေါင်းတည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ ဖေမြင့် ရေးသားထားသည့် စဉ်းစားခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးထွန်းထွန်းလတ်က တစ်ပန်းရှုံးသော အနေအထားမှာ ယှဉ်ပြိုင်အနိုင်ရခဲ့သူများ သမိန်ဗရမ်း၏ နည်းအကြောင်းကိုလည်းကောင်း၊ မချစ်စနိုးဦးက မီးသတ်သမား၏ လျှပ်တပြက်ဉာဏ်၊ မြည်းတိုင်းဉာဏ်နည်းသလားစာစုပါ အကြောင်းအရာများကိုလည်းကောင်း ဖတ်ရှု ဆွေးနွေး ကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)