တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ

တန့်ယန်း     ဇန်နဝါရီ    ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုး အုပ်စုများကို အမှတ်(၁) ရပ်ကွက်ရှိ လှဧကရီခန်းမနှင့် အမှတ် (၆) ရပ်ကွက်တို့တွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးနေသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးရာ အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။  

မင်းလွင်ဦး(ပြန်/ဆက်)