သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း ဖွင့်ပွဲကျင်းပ

သထုံ    ဇန်နဝါရီ    ၁၈

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့ နံနက် နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း(/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန ပြည်နယ်မှူး ဦးထွန်းထွန်းဝင်းက ငါးမွေးတောင်သူများ၏ စီးပွားရေးအခြေအနေများကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် အတွင်းရှိသည့် ငါးမွေးတောင်သူများနှင့် စိတ်ဝင်စားသူများကို ငါးမွေးမြူခြင်းလုပ်ငန်းနှင့် ပတ်သတ်၍  စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သင်ကြားပေးနေပြီး သိရှိခဲ့သည့် နည်းစနစ်များကို လက်ဆင့်ကမ်း ဖြန့်ဝေပေးခြင်းဖြင့် အကျိုးပြု ဆောင်ရွက်စေလိုကြောင်း မိမိတို့ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ငါးမွေးတောင်သူများ အနေဖြင့် ကောင်းမွန်သည့် ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်နဲ့အညီ ဂရုပြု ဆောင်ရွက်စေလိုပါကြောင်း အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းတွင် ငါးမျိုးရွေးချယ် ထိန်းသိမ်းပြီး မျိုးဗီဇမြှင့်တင်ခြင်း ရေချိုငါးမျိုးနှင့် အလှမွေးငါးများ လက်တွေ့ဆေးထိုး သားဖောက်တာခြင်း၊ ငါးအစာအဟာရနှင့် အစာကျွေးနည်းစနစ်၊ ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်း စသည်တို့ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက်ကြာ အခမဲ့စားရိတ်ငြိမ်း ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးမွေးမြူရေး စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား/သူ ၂၅ ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)