မဘိမ်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covidshield)များ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လဝါ ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် (ပထမအကြိမ်) လာရောက်ထိုးနှံသူ မြို့မရပ်ကွက်စုရပ်တွင် ပြည်သူ ၁၈ဝ ဦး၊ လဝါကျေးရွာအုပ်စု စုရပ်တွင် ပြည်သူ ၂၅ဝ ဦး၊ စုစုပေါင်းပြည်သူ ၄၃ဝ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covidshield)များ ထိုးနှံပေးခဲ့ကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိသူများအား သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)