ဒိုက်ဦး ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ ခန်းမကြီးအတွင်းနှင့် ဖောင်တော်သီ တိုက်နယ်ဆေးရုံတို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသောသူများနှင့် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ဖောင်တော်သီတိုက်နယ်ဆေးရုံ၌ ရှမ်းစု၊ ပေါက်တစ်ပင်၊ ဖောင်တော်သီအနီးတစ်ဝိုက် ကျေးရွာများမှ ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ ရပ်ကျေးစာရေးများ၊ မီးသတ်နှင့် စေတနာရှင်လူငယ်အဖွဲ့တို့မှ ဝိုင်းဝန်းကူညီပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)