စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များအား ဉာဏစွမ်းရည် မြင့်မားလာစေရန် မုန့်စားပြိုင်ပွဲ ကျင်းပပြုလုပ်

စုကလိ   ဇန်နဝါရီ   ၁၉

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ ၏ ကာယညာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ဉာဏစွမ်းရည် ပြိုင်ပွဲအဖြစ် မူလတန်းအဆင့် ကလေးငယ်များအား မုန့်ကိုက်စားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေး ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကလေးငယ်များမှ ပျော်ရွှင်စွာ ယှဉ်ပြိုင် ကစားကြပြီး နောက်ဆုရရှိသူများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ ရုံးမှ မြို့ဦးစီးမှူးဦးစောအယ်လင်းမှ ဆုများနှင့်အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်