ဥတ္တရသီရိ ဇန်နဝါရီ ၁၉
ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နေပြည်တော် ဥတ္တရခရိုင် စုပေါင်းရုံးရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ငလျင်ဘေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီမင်းက မီးလောင်မှုဖြစ်ပွားတတ်သည့် အကြာင်းအရင်း၊ ဖြစ်ပွားပါက မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ ငလျင်ဘေးအကြောင်း သိကောင်းစရာများနှင့် ဖြစ်ပွားပါက ကာကွယ်ရန် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အောင်ကို(ပြန်/ဆက်)