ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကျင်းပ

ဖျာပုံဇန်နဝါရီ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ကျန်းမာပျော်ရွှင်သောအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကိုဇန်နဝါရီလ(၁၉)ရက်နေ့နံနက်(၁၀)နာရီအချိန်ကပြုလုပ်ဆောင်ရွက်ကြသည်။

အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ဖျာပုံခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က ရှင်းလင်းပြော ကြားပြီး၊ဖျာပုံမြို့ နယ်အခြခံပညာမူလတန်းကျောင်းများမှကျောင်းသား၊ကျောင်းသူကလေးများကဆေးရောင်ခြယ်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကိုဆုများပေးအပ်ချီးမြှင့်ကြသည်။ထိုနောက်ဂိမ်းကစားခြင်းပြိုင်ပွဲများကိုဆက်လက်ကျင်းပရာပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက၊စကားပုံဆက်ကစားခြင်းပြိုင်ပွဲ၊ဇွန်းဖြင့်ရေခပ်သယ်ပြိုင်ပွဲများကိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်