ဇေယျာသီရိမြို့နယ်၌ ကျား၊ မရေးရာ (Gender) နှင့် ကျားမအခြေပြုအကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဇေယျာသီရိ    ဇန်နဝါရီ    ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှဦးစီး၍  "ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ပညာသင်ကြားနေကြသည့် သားငယ်၊ သမီးငယ်လေးများ အနေဖြင့် ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိပြီး မိမိကိုယ်တိုင်က ကျား၊ မရေးရာ (Gender)ကို ကွဲကွဲပြားပြား သိရှိနားလည်လာပြီး ကျား၊မ အခြေပြုအကြမ်းဖက်မှု (GBV) ပြုလုပ်ခံရခြင်းမှကင်းဝေးပြီး  သူတစ်ပါးကိုလည်း အကြမ်းဖက်မှုများ မပြုလုပ်မိစေရန် သိရှိနားလည်သွားမည်ဖြစ်ကြောင်းနှင့် လူမှုဝန်ထမ်းရုံးမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က ကျား၊မ အခြေပြုအကြမ်းဖက်မှု ဆိုင်ရာဥပဒေများအားလည်းကောင်း၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုများအကြောင်းကို အကျယ်တဝင့်  ရှင်းလင်းပြောကြားခဲ့သည်။                                   

အဆိုပါအခမ်းအနားသို့ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)