မိုင်းဖြတ်မြို့နယ်၌ ဆောင်းသီးနှံ သခွားစိုက်တောင်သူများ ပုံမှန်ဝင်ငွေများရရှိ

မိုင်းဖြတ်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာရှိ ဆောင်းသီးနှံဖြစ်သည့် သခွားစိုက်တောင်သူများသည် သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေများ ပုံမှန်ရရှိကြောင်း တောင်သူ ဦးလုံးနွန်းထံကနေသိရသည်။

အဆိုပါဆောင်သီးနှံဖြစ်သည့် သခွားသီးကို မိုးစပါးရိတ်သိမ်းပြီးစီးသည့် ကာလများဖြစ်သည့် အောက်တိုဘာလမှစ၍ စတင်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလသုံးလအတွင်း ပွင့်ဖူးလေ့ရှိကြပြီး ဇန်နဝါရီလဆန်းပိုင်း များတွင် သီးနှံများကို ဆွတ်ခူးရောင်းချလျက်ရှိကြရာ  အရွယ်ရောက်ပြီး ဆွတ်ခူးသည့် သခွားသီးများကို လှိုင်လှိုင်ပေါချိန်များ၌ အရွယ်အစားကြီးမားသည့်အပေါ် မူတည်ပြီး ၅ လုံး၊ ၆ လုံးပါတစ်စည်းကို ကျပ်(၅၀၀)အထိရရှိပြီး သီးနှံရှားပါသည့်အချိန်၌ ကျပ်(၁၀၀၀)မှ (၈၀၀) အထိရရှိကြောင်း တောင်သူများ ထံကသိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားတို့ အများဆုံးနေထိုင်ကြပြီး ကျေးရွာနေပြည်သူများက မိမိတို့ အိမ်ခြံဝန်းအတွင်းနှင့် လယ်ယာမြေများ၌ သခွား၊ ဖရဲ၊ မုံညှင်း၊ ပဲသီး၊ နံနံပင်၊ ဂေါ်ဖီထုပ်စသည့် ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလေ့ရှိကြသည်။ ယခုအခါ ဆောင်သီးနှံများဖြစ်သည့်   သစ်ခွားသီးနှံစိုက်ပျိုးခြင်းကို စနစ်တကျစိုက် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိသည့်အတွက် ပိုမို လုပ်ကိုင် ဆောင်ရွက်လာကြကြောင်း သိရသည်။

သန်းထွန်းအေး