ငရုတ်ကောင်း ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ ဒုတိယအကြိမ်ကို ဗစ်၁၉ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကိုတာဝန်ရှိသူများကယနေ့၊နေ့လည်ပိုင်းက ငရုတ်ကောင်းမြို့ မူလတန်းကြိုကျောင်းဆောင် ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
အသက်(၁၈)နှစ်နှင့် အထက်ဒုတိယအကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စနစ်တကျနေရာချထားပြီး ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိသည်။
အဆိုပါဆေးထိုးအုပ်စု၌ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွင် ကိုဗစ်(၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးလျှက် ရှိကြောင်းသိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)