ဗန်းမော် ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁ဝ)နာရီခွဲခန့်က ပြုလုပ်ခဲ့ပါသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဒို့ကျေးရွာဂျာနယ်တွင်ပါရှိသော လယ်တွင်းသားစောချစ် ရေးသားသည့် “ခိုင်းချင်ခိုင်းပါစေ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မိမိမြတ်က ဒို့ကျေးရွာဂျာနယ်တွင် ပါရှိသော ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “တိကျမှန်ကန်မြန်ဆန်ပါစေ” ခေါင်းစဉ်ဖြင့် ဖတ်ပြဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)