ဒိုက်ဦးမြို့နယ်၌ နွေစပါးနှင့် နေကြာစိုက်တောင်သူများအား ဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဒိုက်ဦး ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယနေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးနှင့် နေကြာစိုက် တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါ ရောင်းချရာသို့ မြို့နယ်စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ ဥက္ကဌ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုခဲ့ကြသည်။

ဓာတ်မြေသြဇာရောင်းချရာတွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၁၁၆၀ ဧကနှင့် နေကြာစိုက်ဧက ၄၀ ဧက အတွက် ၂ ဧက လျှင် တစ်အိတ်နှုန်းဖြင့် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းထုတ် MPE ယူရီးယားဓာတ်မြေသြဇာ ၆၀၀ အိတ်အား ကျေးရွာအုပ်စု (၃၀) အုပ်စုအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)