ကျိုက်ဒုံ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် မြေဆီလွှာကောင်းမွန်၍ အပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ကျိုက်ဒုံဒေသတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးတောင်သူများသည် မိမိတို့၏စိုက်ခင်းတွင် တစ်ပိုင်တစ်နိုင် ပဲတောက်ရှည်၊ ဘူးသီး၊ ခရမ်းသီး၊ ဟင်းနုနွယ်၊ သခွားသီး၊ ငရုတ်သီး၊ မုန့်လာ၊ ချဉ်ပေါင်စသည့် ဟင်းသီးဟင်းရွက်များနှင့် ဖူးစားပြောင်းများကိုပါ စိုက်ပျိုးခြင်းကြောင့်တောင်သူများ နေ့စဉ်မိသားစုအပိုဝင်ငွေ တစ်ရက်လျှင် (၄၀၀၀၀) ကျပ်အထိ ရရှိနေသည်။
တစ်ချို့စိုက်ခင်းမရှိသည့် တောင်သူများသည် မိမိတို့၏ နေအိမ်ခြံဝင်းအတွင်း၌ ခဝဲသီးနှင့်ပဲတောက်ရှည်များ၊ ဘူးသီးများအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားမှုကြောင့် တစ်နေ့လျှင် မိသားစုအပိုဝင်ငွေ (၁၀၀၀၀)ကျပ်အထိ ရရှိနေကြကြောင်း သိရသည်။
သန်းထွန်းနိုင်