သတင်းများ

ခရမ်းမြို့နယ်တွင် အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား (COVISHIELD) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  ခရမ်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများ အား ခရမ်းမြို့ အမှတ် (၂)ရပ်ကွက်ရှိ သကျမာရိဇိန် သွန်းဘုရားကြီးအတွင်းရှိ သာသနဗိမာန် တော်၌  နေ့စဉ် နံနက် ၉  နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ခရိုင်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) Online မှ ရိုက်ကူးတင်ဆက်
Jan 20,2022
ပြည်သူလူထုအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန်နှင့် လူကုန်ကူးမှုမခံရ စေရန် ကာကွယ်ရမည့်အချက်များကို သိရှိစေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို Online ရိုက်ကူး တင်ဆက်ပေးသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်
Jan 20,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
ချောက်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနလူထုအ ခြေပြုခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jan 20,2022
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုခန်းမ၌ ဝန်ထမ်များ၊ စာ​ပေချစ်မြတ်နိုးသူ Book Club အဖွဲ့​များနှင့် ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀နာရီက စာဖတ်ဝိုင်းပြုလုပ်သည်။
မုံရွာမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဓာတ်ပုံ ပြပွဲဆောင်ရွက်
Jan 20,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၂၀ရက်၊ယနေ့ နံနက် ၁၀ နာရီအချိန် ပြည်ထောင်စုနေ့ အကြို ဓာတ်ပုံပြပွဲကိုပြသခဲ့ကြောင်းသိရှိရပါသည်။
ဆားလင်းကြီးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၈၀၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်
Jan 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက စတင်၍ လူမှုရေးပင်စင်များကို အဘိုးအဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 20,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လည် ၁၁ နာရီအချိန်က ၂၀၂၂ခုနှစ်၊ ဒို့ကျေးရွာဂျာနယ် ဇန်နဝါရီလ (၁၅) ရက်နေ့ထုတ်အတွဲ (၁၉)၊ အမှတ် (၂)တွင် ပါရှိသည့် “ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းကြီး ပူးပေါင်းတည်ဆောက်ကြမည်” ခေါင်းစဉ် ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
လှည်းလမ်းကူးကျေးရွာ၌ ဘက်စုံသုံး ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jan 20,2022
သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်နှင့် မိသားစုဝင် ငွေတိုးပွားပြီး လူမှုစီးပွားဘဝ မြင့်မားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖြစ်သည့် ဘက်စုံသုံး ဆပ်ပြာရည်ပြုလုပ်နည်း သင်တန်းကို ယမန်နေ့ နံနက်၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် လှည်းလမ်းကူး ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။