သရက်ချောင်း ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် တီတွတ်ပြင်ကျေးရွာ အမကကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက တီတွတ်ပြင် ကျေးရွာနှင့် အိမ်ရှေ့ပြင်ကျေးရွာ အတွင်းနေထိုင်လျက်ရှိသည့် ကျေးလက် နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသ်(၁၀)နှစ်ပြည့်(၂၉)ဦး၊ အသက်(၁၈)နှစ်ပြည့် (၅)ဦး၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း (၅၄) ဦး၊ မိတ္တူ(၂၉) ဦး၊ စုစုပေါင်း (၁၁၇) ဦး တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ စတင်ကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အေးနွယ်ဝင်း