မိုးနဲမြို့ ၌ ဒေသနွားနှင့် နို့စားနွားမများ မျိုးမြှင့်တင်ခြင်းဆောင်ရွက်ပေးလျက်ရှိ
Jan 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဒေသနွားမများအား ဈေးကွက်ဝင် အရည်အသွးမြင့် မျိုးကောင်းမျိုးသန့်နွားများပွားများလာစေရေးအတွက် ဒေသနွားနှင့် နို့စားနွားမများအား မေထုံမဲ့ သားစပ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နားခံကျေးရွာအုပ်စု ပန်အူကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။