လောင်းလုံး ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မီးသတ်စခန်း၌ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဇော်မျိုးဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်တိုးတက်ထက်မြက်စေရန် ရည်ရွယ်၍ ယနေ့နံနက်( ၇)အချိန်တွင် လောင်းလုံးမီးသတ်ရုံး၌ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်ဖြစ်သော (Rescue Method) သင်ခန်းစာမှ အဆောက်အဦပေါ်၌ ပိတ်မိနေသော လူနာအား လှေခါးထောင်ပြီး အမြန်ကယ်ဆယ်ခြင်းနှင့် ရေတွင်းအတွင်း ကျရောက်နေသော လူနာအား လှေခါးအသုံးပြု၍ အမြန်ကယ်ဆယ်ခြင်း သင်ခန်းစာတို့အား လက်တွေ့လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)