သတင်းများ

သုံးခွမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်(၁၈)နှစ်အထက် ကာကွယ်‌ဆေးမထိုးနှံရ‌သေးသူ ပြည်သူ များအား ကာကွယ်‌ဆေးဆက်လက်ထိုးနှံပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်၁၈နှစ်အထက် ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophane)ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉နာရီ အချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူများ၏ ရင်တွင်းစကားသံများ
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် သံဃာတော်များ၊ အသက် ၆၅နှစ်နှင့်အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိကဆေးရုံဝန်ထမ်းများ၊ သယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နေ့စဉ် ထိုးနှံပေးလျက်ရှိကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေဖတ်ရှုသူများ လက်ဝယ်အရောက် သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်းခြင်း ဝန်ဆောင်မှုပေး
Jan 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန အနေဖြင့် မြို့နယ်နေ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေးအတွက် အမြဲ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ရုံးသို့ သွားရောက်၍  စာပေဖတ်ရှုသူ တပ်ဖွဲ့ဝင်များ လက်ဝယ်အရောက် သုတ၊ ရသစာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club၊Youth Club၊ Women Club အဖွဲ့တို့စာဖတ်ဝိုင်းပြုလုပ်
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်၊ စာဌားပရိတ်သတ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန် အများပြည်သူဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိလာစေရေး၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရေး၊ မိမိဖတ်ရှုထားသော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးတတ်စေရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ် ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ Book Club၊Youth Club၊ Women Clubအဖွဲ့တို့၏စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
သန်လျင်မြို့ အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) ပင်စင်လစာများ ထုတ်ပေးသွားမည်
Jan 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ်(၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘ ပြည်သူများ၏ ပင်စင်လစာများကို ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီ ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ စက်ရုံပင်စင်ဌာနစိတ်မှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စုတွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင်ကျွန်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးတင်အောင်မိုးနှင့်ဝန်ထမ်း (၆)ဦးဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီမှ ညနေ (၄)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး သတိပြုကာကွယ်နိုင်ရေး မြေပုံမြို့၌ လိုက်လံ အသိပညာပေး နှိုးဆော်
Jan 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည် အသိပညာပေးနှိုးဆော်ကြသည်။
ဖားဆောင်းမြို့နယ် ​​​​​​​​​မြို့​ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကြိုတင် ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်
Jan 20,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာ ပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့​​နံနက်(၈)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်​ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​​​​​​​​မြို့​​ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။