စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် Door to Door ကွင်းဆင်းဆောင်ရွက်

စဉ့်ကိုင်  ဇန်နဝါရီ ၂၀

ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်း များအား တစ်အိမ်ဆင်း တစ်အိမ်တက် Door to  Door စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို စဉ့်ကိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက် နှင့် တရုတ်စုရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ စဉ့်ကိုင် မြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်လွင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့(၁) ဒေါ်စိန်စိန်ရီ(လဝကမှူး)၊ အဖွဲ့(၂) ဒေါ်လှသန်း (လဝကမှူး) နှင့် ဝန်ထမ်းများက ရပ်ကွက်နေ ပြည်သူများကို နိုင်ငံသားစိစစ်ရေး   ကတ်ပြားများပြုလုပ် ပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်လာမည့်သူနှင့် အသက်(၁၈) နှစ်ပြည့်ပြီး သူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာ(၃၀) ရက်ရှေ့ပိုင်းမွေးဖွားသူများအား  အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း မရှိ နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများမှ Door to Door စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား  ကျား(၆)ဦး၊ မ(၂)ဦးနှင့် အသက်(၁၈)နှစ်နှင့်အထက် ကျား(၁၁)ဦး ၊ မ(၄)ဦး၊ အသက်(၁၀)နှစ်နှင့် အသက်(၁၆)နှစ်ကြား ကျား(၆)ဦး၊ မ(၇)ဦး  စုစုပေါင်း (၃၆) ဦးဆောင်ရွက်ပေးသွားကြောင်း သိရသည်။

ညိုညိုဝင်း