မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စုတွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မော်လမြိုင်ကျွန်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးတင်အောင်မိုးနှင့်ဝန်ထမ်း ()ဦးဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ယနေ့ နံနက်()နာရီမှ ညနေ ()နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်း ဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ ၁၀နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု (က) တွင် (၁၃၆)ဦးကိုလည်းကောင်း၊ ၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု (က)တွင် ( ၅၉၀)ဦးကိုလည်းကောင်း၊ ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် ( ၁၂)ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ပျက်ဆီးထုတ် ပေးခြင်း တွင် ( ၂၂)ဦး ကိုလည်းကောင်း ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ လှိုင်းဘုန်း ကျေးရွာအုပ်စုအတွင်းရှိပြည်သူ စုစုပေါင်း( ၇၆၀)ဦးကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းသိရသည်။

အောင်အောင်