သတင်းများ

ကာလိမြို့၌  ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူ းမြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရပ်ကွက်အလိုက်ပြုလုပ်ပေးလျက်ရှိရာ ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး‌ေနအိမ်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်
Jan 23,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ရသလမ်းဆုံ စာဖတ်ဝိုင်း  ပြုလုပ်ခဲ့ကြောင်းသိရသည်။
လဲချားမြို့နယ် ကျေးရွာအုပ်စု(၃))စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများက  ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဝမ်ယိမ်း၊ဖာလံ၊ပန်တန်ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။
အောင်လံမြို့နယ်၌ မြို့နယ်တရားရုံး အဆောက်အဦပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jan 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့နယ်တရားရုံး အဆောက်အဦပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စက်ရုံရပ်ကွက် မြို့နယ်တရားရုံးတည်ဆောက်မည့်မြေနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးအသိပညာပေး Talk Show ပြုလုပ်
Jan 23,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများကျန်းမာရေးအတွက် အကျိုးရှိစေရန် တိုင်းရင်းဆေး အသိပညာပေး Talk Show ကို ယမန်နေ့ ၉ နာရီက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
သန်လျင် မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများ စတင်ထုတ်ပေး
Jan 23,2022
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ထုတ်ပေးလျက်ရှိရာ ဇန်နဝါရီလ ပင်စင်လစာများအား ဇန်နဝါရီ ၂၁နေ့ နံနက်ပိုင်းက ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံအတွက် လျှပ်စစ်မီးရရှိရေး အစည်းအဝေးပြုလုပ်
Jan 23,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တော ကျောင်းတိုက်အတွင်း တည်ဆောက်ထားရှိသည့် အောက်ဆီဂျင်စက်ရုံအတွက် လျှပ်စစ်မီး ရရှိရေး ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၃နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။
ကျောက်မဲမြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးခန်းမတွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံကျေးရွာရှိ ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်း ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် ၂ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှလူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။