သာစည် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများကျန်းမာရေးအတွက် အကျိုးရှိစေရန် တိုင်းရင်းဆေး အသိပညာပေး Talk Show ကို ယမန်နေ့ ၉ နာရီက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
တိုင်းရင်းဆေးအသိပညာပေး Talk Show တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မြင့်မွန်က ဆွေးနွေးရာ၌ ယခုလက်ရှိ ဆောင်းရာသီကာလတွင် ဖြစ်တတ်သောရောဂါများဖြစ်သည့် ဝမ်းချုပ်ခြင်း၊ ခေါင်းအုံခေါင်းကိုက်ခြင်း၊ ချမ်းဖျားတုန်ဖျားဖြစ်ခြင်း၊ နှာစေးချောင်းဆိုးခြင်းများဖြစ်တတ်ကြောင်း၊ ထိုရောဂါများအတွက် လိုက်နာကျင့်သုံးနေ ထိုင်မှုပုံစံများနှင့်အလွယ်တကူဖြင့် ကိုယ်တိုင် ပြုလုပ် သောက်သုံးနိုင်သော တိုင်းရင်းဆေးနည်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
တိုင်းရင်းဆေးအသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မြင့်မွန်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း