သတင်းများ

ရေဖြူမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တတိယအသုတ် ထိုးနှံခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ ငွေပေးအပ်
Jan 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ထိုးနှံခြင်း လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများ၊ ကြက်ခြေနီများနှင့် ပရဟိတများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ရေဖြူမြို့၊ အောင်သာဝတီခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းခတ်၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်​​​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အခမ်းအနား ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်၌ ၂၀၂၂ ခုနှစ် ဖေ​ဖော်ဝါရီလ ၁၂​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်​​​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အခမ်းအနား ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်ဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 22,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ညနေ ၂နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်
Jan 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု(၃)စုအား ထောက်ပံ့ပစ္စည်းနှင့်ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ဇန်နဝါရီ ၂၁ရက် မွန်းလွဲ ၁နာရီက အဆိုပါ ကျေးရွာအရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မသန်စွမ်းအိမ်ထောင်စုများအား ပထမအကြိမ်အဖြစ် ဆန်များ ထောက်ပံ့ပေးလျက်ရှိ
Jan 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆင်းရဲနွမ်းပါး မွေးရာပါ မသန်စွမ်းအိမ်ထောင်စူများကို ယမန်နေ့ နံနက် (၁၀)နာရီမှစ၍ ပထမအကြိမ်အဖြစ် တစ်အိမ်ထောင်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် သတ်မှတ် မသန်စွမ်းအိမ်ထောင်စု (၃၉၂) အိမ်ထောင်စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးဆောင်၍ မြို့နယ်ကြ က်ခြေနီတပ်ဖွဲ့ စေတနာ့ လုပ်အားရှင်များမှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးအသိပညာပေး Talk Show ကျင်းပ
Jan 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးအသိ ပညာပေး Talk Showဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗိုလ်တထောင်မြို့နယ်ရုံး၊လူထုအခြေပြုဗဟိုဌာန(Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် သတိပြုကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းသားလူငယ်များအား လူကုန် ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။