ကာမိုင်း ဇန်နဝါရီ ၂၃
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသူ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Phase-6 ပထမ အသုတ်ကို ကာမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ယမန်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ ဆေးထိုးနှံ ပေးကြောင်း သိရသည်။
ဆေးမထိုးနှံမီ မှတ်တမ်းရေးသွင်းခြင်း၊ အမည်စာရင်းခေါ်ပေးခြင်း၊ နေရာချထာပေးခြင်းတို့ကို ပညာရေး၀န်ထမ်းများ၊ မီးသတ် ဦးစီးဌာနနှင့် သုဂတိမဂ္ဂလူမှုကူညီရေးအသင်းအဖွဲ့၀င်များက ဆောင်ရွက်ကြ၍ ကာကွယ်ဆေးကို ကာမိုင်းဗျုဟာမှူး၊ နည်းဗျုဟာ စစ်ဆေးရေး ကွပ်ကဲမှုအဖွဲ့နှင့် ကာမိုင်းမြို့တိုက်နယ် ဆေးရုံ၀န်းထမ်းများက စနစ်တကျထိုးနှံပေးပြီး အချိန်သတ်မှတ်ပေးခြင်းများကို ပူးပေါင်း ဆောင်ရွက် ကြ၍ နာရီ၀က်စောင့်ကြည့်ပြီးမှသာ ပြည်သူများကို ပြန်လည်စေလွှတ်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac ကို Phase-5 Second Dose ထိုးနှံခြင်းနှင့် Phase-6၊ First Dose လုပ်ငန်း(ပထမနေ့)အဖြစ် ထိုးနှံပေးရာ ဆေးအလုံးရေ(၈၆)လုံးကို ဆေးတစ်လုံးလျှင် လူနှစ်ဦး နှုန်းဖြင့် စုစုပေါင်း (၁၇၂) ဦး ထိုးနှံပေးခဲ့ကြောင်းနှင့် (၂၄.၁.၂၀၂၂) ရက်နေ့အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လဆိုင်း