တာချီလိတ် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက ပြည်သူများထံမှရရှိ သည့်အခွန်အခများဖြင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိုဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အရှေ့မြို့ပတ်လမ်း၊ ကံ့ကော်လမ်းမှ (1G1)ဟိုတယ်ထိ အရှည် ၁၆၂၅ ပေ၊ အကျယ် ၃၀ ပေရှိလမ်းကို ကတ္တရာနှင့်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေး နှစ် မီနီဘတ်ဂျတ်တွင်ဆောင်ရွက်ရမည့် ငွေလုံးငွေရင်းလုပ်ငန်းများဖြစ်သော ဗိုလ်ချုပ်လမ်း (ရှမ်းရိုးမမီးပွိုင့်လမ်းဆုံ)Free Way လမ်းသားတိုးချဲ့၍ ကွန်ကရစ်ခင်းခြင်းနှင့် ကွန်ကရစ်ကတ် တုံးပြုလုပ်ခြင်းလုပ်ငန်း၊ Slab Culvert ပြုလုပ်ခြင်းလုပ်ငန်း၊ Precast ရေမြောင်းနှင့် Precast ရေမြောင်းဖုံးပြုလုပ်ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အပြင်ဆန်ဆိုင်း(က)ရပ်ကွက် ဂန္ဓမာလမ်းနှင့်ဟံသာဝတီလမ်းကြား ရေမြောင်းနှင့်ရေမြောင်း ဖုံးပြုလုပ်ခြင်း၊ ပိတောက်လမ်းနှင့်ဂန္ဓမာလမ်းကြားရေမြောင်းနှင့် ရေမြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)