ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ငဖဲ  ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက အိုးမြေတွင်း ကျေးရွာမှ ပြည်သူများအား ကျေးရွာဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ  ဒု-လ၀ကမှူးဦးမျိုးမင်းကျော်နှင့် ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ၆(က) (၄)ဦး၊၃(က)ပြုလုပ်သူ (၅)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး အသစ်လဲလှယ်သူ (၇)ဦးနှင့် မိတ္တူပြုလုပ်သူ (၃)ဦး စုစုပေါင်းပြည်သူ (၁၉)ဦး တို့အား အထောက်အထားများစိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ပန်းခင်းစီမံချက်ဖြင့် ယနေ့ထိ အိမ်ထောင်စု(၂၇၅)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူပြည်သူ (၁၆၉၅)ဦးအား ပြုလုပ် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

မယု